Could a tattoo help you stay healthy? | Carson Bruns

Could a tattoo help you stay healthy? | Carson Bruns



Translator: sann tint
Reviewer: Myo Aung Ötzi လို့ခေါ်တဲဘ စိတ်ဝင်စားစရာ
လူတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူက အီတလီက South Tyrol Museum of
Archaeology မှာနေတယ်၊ အကြောင်းက သူက မမ်မီမို့လိုပါ။ ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၃၀၀ က
​အသက်ရှင်စဉ်မှာ ဖြစ်လောက်တဲ့ သူ့အသွင်ကို ပန်းချီဆရာက
ပုံဖော်ထားတာပါ။ ဒီနေ့ သူဘယ်ပုံပေါက်နေလဲဆိုတာ
မြင်ချင်လား။ (ရယ်သံများ) အိုကေ၊ တောင့်ထားကြပါ၊
ပုံပျက်ပန်းပျက် မမ်မီ သင့်ဆီ လာနေတယ်။ ဒီတော့ သူက အရင်ကလောက်
မချောပေမဲ့ မမ်မီတစ်ခုအတွက်တော့ တကယ့်ကို
ပုံပန်းကျပါတယ်။ သူ့ကို ရေခဲထဲမှာ
အေးခဲနေစဉ် တွေ့ရှိခဲ့လို့ပါ။ Ötzi ဟာ ဆေးစိမ်ထားတဲ့ အရေပြားနဲ့
တွေ့ရှိခဲ့တဲ့ သက်တမ်းအရင့်ဆုံး မမ်မီပါ။ နှစ် ၅၃၀၀ ဆိုတော့ အတော် အိုတယ်၊ အီဂျစ်ပိရမစ်တွေထက် ပိုသက်တမ်းရင့်ပြီး Ötzi ရဲ့အရေပြားဟာ အနက်ရောင်
တက်တူး ၆၁ ခုနဲ့ ဖုံးနေတယ်၊ နာကျင်မှု ခံစားရလောက်မယ့် သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေပေါ်မှာ
မျဉ်းတွေ၊ ကန့်လန့်ဖြတ်မျဉ်းတွေချည်းပဲ။ ဒီတော့ ဒါတွေကို အပ်စိုက်ကုထုံးလို
ကုထုံးမျိုးတွေအတွက် နေရာတွေ မှတ်သားဖို့ သုံးခဲ့လောက်တယ်လို့ သိပ္ပံပညာရှင်တွေက ထင်ကြတယ်။ ဒီတော့ ရှင်းတာက ကျွန်တော်တို့တွေရတဲ့
ရှေးအကျဆုံးအရေပြားဟာ တစ်ခုလုံး တက်တူးထိုးထားတယ်ဆိုရင် တက်တူးထိုးတာက အလွန်ရှေးကျတဲ့
လုပ်ငန်းတစ်ခုပါ။ ဒါပေမဲ ဒီနေ့ခေတ်ကို အမြန်သွားလိုက်ရင်
တက်တူးဟာ နေရာတိုင်းမှာရှိတယ်။ အမေရိကန်လေးယောက်မှာ တစ်ယောကက်နီးနီး
တက်တူး တစ်ခုရှိတယ်။ ဒေါ်လာဘီလီယံများစွာ တန်တဲ့ လုပ်ငန်းပါ၊ သင်ကြိုက်ကြိုက်၊ မုန်းမုန်း ဒီဟောပြောချက်ဟာ
သင်တွေးပုံကို ပြောင်းလဲသွားစေလိမ့်မယ်။ ဒီတော့ တက်တူးတွေက
ဘာလို့ ဒီလောက် လူကြိုက်များတာလဲ။ Ötzi နဲ့မတူပဲ ဒီနေ့ အများစုက တက်တူးကို
ကိုယ်ပိုင် ဖွင့်ဆိုတာမျိုးအတွက် သုံးတယ်။ ကိုယ်တိုင်အနေနဲ့ တက်တူးတွေကို
နှစ်သက်တာက အနုပညာကို နှစ်သက်လို့ပါ။ ကျွန်တော့အတွက် ထူးဆန်းတာ တစ်ခုခုရှိတယ်၊ စိတ်ကူးယဉ်ဆန်လုလု အနုပညာပုံစံတစ်ခု
အဖြစ်နဲ့ တက်တူးတစ်ခုကို ကုန်ပစ္စည်းအဖြစ် ပြောင်းလို့မရဘူး။ ဟုတ်လား၊ သင့်တက်တူးက
သင်နဲ့နေပြီး သင်နဲ့သေသွားတာလေ။ ဝယ်လို့၊ ရောင်းလို့၊ လဲလှယ်လို့မရဘူး၊ ဒီတော့ ၎င်းရဲ့တန်ဖိုးက
သင့်တစ်ကိုယ်ရေအတွက်ပဲ၊ ဒါကို ကျွန်တော် ကြိုက်တယ်။ အခု တကယ့်ကို အရောင်စုံတဲ့
တက်တူးတွေဘက်ကို ဦးတည်လိုပါတယ်။ ကျွန်တော်ဟာ
အရောင်ကို စွဲလမ်းလို့ပါ။ တက္ကသိုလ်မှာ ဒါအကြောင်း
သင်ရိုးအပြည့် ကျွန်တော်သင်တယ်။ ဒါပေမဲ့ ကျွန်တော့ ပထမဆုံး
ဆေးမင်ကြောင်က Ötzi ရဲ့ဟာလို အနက်ရောင် အပြည့်တစ်ခုပါ။ အင်း၊ လူငယ်တွေ တစ်ခါတစ်ရံ ထိုးတဲ့
ဖန်တစ်ရာတေနေတာတစ်ခု လုပ်ခဲ့တာပါ၊ ကျွန်တော်တောင် မဖတ်တတ်တဲ့
ဘာသာစကားတစ်ခုနဲ့ ဆေးမင်ကြောင်ထိုးထားတယ်။ (ရယ်သံများ) အိုကေ ဒါပေမဲ့ ၁၉ နှစ်သားတုန်းက ကျွန်တော့ရဲ့ပထမဆုံး နိုင်ငံရပ်ခြားခရီးက
ပြန်လာခါစပါ၊ ကျွန်တော် ဂျပန်က တောင်တွေပေါ်က ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေမှာ
တရာထိုင်နေခဲ့တယ်၊ ကျွန်တော့အတွက် တကယ်
အဓိပ္ပါယ်ရှိတဲ့ အတွေ့အကြုံပါ ဒီတော့ "တောင်"အတွက် ဂျပန်နဲ့တရုတ်
အက္ခရာတွေနဲ့ ဒါကို အမှတ်တရဖြစ်ချင်တယ်။ ကဲ ဒီမှာ ကျွန်တော့ကို မှင်တက်မိစေတာပါ။ ကျွန်တော့ရဲ့ ၁၄ နှစ်သက်တမ်း တက်တူးနဲ့ Ötzi's ရဲ့ နှစ် ၅၃၀၀ သက်တမ်း တက်တူးတွေဟာ တစ်မျိုးတည်းသော အရာကနေ ဖန်တီးထားတာပါ။ ကျပ်ခိုးပါ၊ ပစ္စည်းကို မီးရှို့လိုက်တဲ့အခါ မီးဖိုမှာ စွဲကျန်ခဲ့တဲ့
ဒီအနက်ရောင် ကာဗွန်မှုန့်ပါ။ အနီးကပ်ဆွဲကြည့်ရင် ကျွန်တော်ရဲ့ တက်တူး
(သို့) Ötzi's ရဲ့ တက်တူးဖြစ်ဖြစ် အားလုံးဟာ ဒီလိုမျိုးပုံပေါက်နေတာ
မြင်ရလိမ့်မယ်။ တက်တူးဟာ သေးငယ်တဲ့
အရောင်အမှုန်လေးတွေရဲ့ အစုတစ်ခု သက်သက်ပါ။ ဒီအဖြစ်မှာ ကျပ်ခိုးက အရေပြားထဲမှာ ပိတ်မိနေတယ်၊ ဒါက အရေပြားရဲ့ မျက်နှာပြင်
အောက်တည့်တည့်က တစ်ရှူးအလွာပါ။ ဒီတော့ နှစ် ငါးထောင်ကျော်အတွင်း တက်တူး နည်းပညာကို
မဆိုစလောက်ပဲ မွမ်းမံခဲ့တာပါ၊ အရောင်တွေ ပိုရလာအောင်၊ နည်းနည်းလေး ပိုထိရောက်တဲ့
ဆေးသွင်းခြင်း နည်းတွေကလွဲရင်ပေါ့ ကျွန်တော်က ပန်းချီပညာရှင်ဆိုပေမဲ့
သိပ္ပံပညာရှင်လည်းဖြစ်ပြီး နာနိုနည်းပညာကို သုတေသနပြုတဲ့
စမ်းသပ်ခန်းတစ်ခုကို ဦးစီးပါတယ်၊ ဒါက လူ့ဆံပင်ရဲ့ဗျက်ထက်တောင်
အဆထောင်ချီသေးငယ်တဲ့ အင်မတန်သေးငယ်တဲ့ အခြေခံအုပ်ချပ်တွေနဲ
တည်ဆောက်ရေး အရာတွေရဲ့ သိပ္ပံပါ။ ကိုယ့်ကိုယ်ကိုယ် စမေးမိတာက တက်တူးထိုးရာမှာ
နာနိုနည်းပညာက ဘယ်လို အသုံးဝင်လဲ။ တက်တူးတွေဟာ အရေပြားထဲက
အမှုန်တွေရဲ့ အစုတစ်ခုပဲဆိုရင် ဒီအမှုန်တွေကို ပိုစိတ်ဝင်စားစရာကောင်းတဲ့
တစ်ခုခု လုပ်တာတွေအတွက် ဖလှယ်ထုတ်နိုင်လား။ ဒီမှာ ကျွန်တော့ရဲ့ စိတ်ကူးကြီးပါ။ တက်တူးတွေက သင့်ကို
အစွမ်းထူးတွေ ပေးနိုင်တယ်လို့ ယုံကြည်တယ်။ (ရယ်သံများ) သင့်ကို မိုးပျံအောင်
လုပ်ပေးမယ် မဆိုလိုပါဘူး။ ဒါပေမဲ့ ဆေးမင်ကြောင်တွေက လောလောဆယ် ကျွန်တော်တို့မှာမရှိတဲ့ စွမ်းရည်သစ်တွေ
ပေးနိုင်တဲ့သဘောရှိတဲ့ အစွမ်းထူးတွေ
ရှိတယ်လို့တော့ ထင်တယ်။ အမှုန်တွေကို မွမ်းမံခြင်းနဲ့
အရေပြားရဲ့ အသွင်အပြင်သာမက အရေပြားရဲ့လုပ်ဆောင်မှုအတွက်ပါ
ပြောင်းလဲသွားစေဖို့ ဆေးမင်ကြောင်ထိုးတာကို စီမံနိုင်တယ်။ ပြပါရစေ။ ဒါက ဆေးတောင့်လေးရဲ့ ပုံကြမ်းပါ။ ကာကွယ်ပေးတဲ့ အပြင်ဘက်အခွံပါတဲ့
တက်တူး ဆိုးဆေးအရွယ်လောက်ရှိတဲ့ အခေါင်းပွ အမှုန်လေးတစ်ခုပါ၊ ဖြည့်ချင်တာမှန်သမျှ နီးနီးနဲ့
အတွင်းဘက်မှာ ဖြည့်နိုင်ပါတယ်။ ဒီတော့ ဒီဆေးတောင့်လေးတွေထဲမှာ
စိတ်ဝင်စားစရာ ပစ္စည်းတွေထည့်ပြီး ဒါတွေနဲ့ တက်တူးမင် လုပ်ရင်ရော။ တက်တူးတစ်ခုကို ဘယ်လို
အရာတွေ ကျွန်တော်တို့ လုပ်ခိုင်းနိုင်လဲ။ ဘယ်ပြဿနာတွေ ဖြေရှင်းနိုင်လဲ။ ဘယ် လူသား အကန့်အသတ်တွေကို
ကျော်လွှားနိုင်လဲ။ ကဲ၊ ဒီမှာ စိတ်ကူးတစ်ခုပါ။ လူသားအနေနဲ့
ကျွန်တော်တို့ရဲ့အားနည်းချက်က ခရမ်းလွန်ရောင်ခြည် (သို့) UV အလင်းကို
ကျွန်တော်တို့ မမြင်နိုင်တာပါ။ ဒါက နေလောင်တာနဲ့ အရေပြားကင်ဆာ အန္တရာယ်တိုးစေတဲ့ နေရောင်ခြည်ရဲ့
စွမ်းအင်မြင့်အပိုင်းပါ။ တိရိစ္ဆာန်ပိုးမွှားတွေ UV အလင်းကို
မြင်နိုင်ပေမဲ့ ကျွန်တော်တို့ မမြင်ဘူး။ မြင်နိုင်ရင်တော့ အရေပြားပေါ် လိမ်းတဲ့အခါ
နေရောင်ခံလိမ်းဆေးကို တွေ့နိုင်မှာပေါ့။ ကံဆိုးချင်တော့ ကျွန်တော်တို့အများစုက
နေရောင်ခံလိမ်းဆေး မလိမ်းကြဘူး။ လိမ်းတဲ့လူတွေကျတော့လည်း ဘယ်အချိန် ပြယ်သွားလည်း တကယ်
မပြောနိုင်ကြဘူး၊ မြင်မှမမြင်ရတာကိုး။ ဒါက US မှာတင် နှစ်စဉ် ကာကွယ်နိုင်တဲ့
အရေပြားကင်ဆာ ရောဂါ ငါးသန်းကျော်ကိုကျွန်တော်တို့
ကုသတဲ့ အဓိက အကြောင်းရင်းပါ၊ စီးပွားရေးကိုနှစ်စဉ်
ဒေါ်လာ ငါးဘီလီယံကျော် နစ်နာစေတာပါ။ ဒီတော့ ဒီလူသား အားနည်းချက်ကို
တက်တူးနဲ့ ဘယ်လို ကျော်လွှားနိုင်လဲ။ ကဲ၊ ပြဿနာက ကျွန်တော်တို့ဟာ
UV ရောင်ခြည်တွေကို မမြင်နိုင်တာပါ၊ ဒါတွေ ကျွန်တော်တို့အတွက် ရှာပေးဖို့
တက်တူး ဖန်တီးနိုင်လောက်မယ်။ ဒီတော့ တွေးမိတာက "UV ဓာတ်ပြုတဲ့
အရောင်းပြောင်း ဆိုးဆေးတစ်ခု ထည့်ထားတဲ့ ဆေးတောင့်လေးတွေသုံးပြီး
ဒီကနေ တက်တူးမင်ကို အခု တက်တူး နည်းပညာရှင်
ဖြစ်ခြင်းရဲ့ဒုက္ခတစ်ခုက ပါဝင်ချင်တဲ့ အစမ်းသပ်ခံတွေရှာခြင်းပါ။ (ရယ်သံများ) တက်တူး မင်ကို
စမ်းသပ်ချိန် ရောက်တဲ့အခါ ကျွန်တော့သနားစရာ ဘွဲ့ရကျောင်းသာတွေကို
မနှိပ်စက်မိဖို့က အကောင်းဆုံးလို့တွေးမိတယ်။ ဒါနဲ့ ဒီအစား ကိုယ့်လက်မောင်းပေါ်က တစ်နေရာ၊
နှစ်နေရာမှာ ဆေးမင်ထို့ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါက တကယ် အလုပ်ဖြစ်တယ်၊
ကြည့်ကြပါဦး။ ဒီတက်တူးတွေကို နေရောင်
မှဲ့ခြောက်တွေလို့ခေါ်တယ် အကြောင်းက နေရောင်ခြည်နဲ့
စွမ်းအားပေးလို့ပါ။ လောလောဆယ် ဒါတွေကို မမြင်ရပေမဲ့ နေလိုလုပ်ဆောင်တဲ့ UV အလင်းနဲ့
ထိတွေ့လိုက်တာနဲ့ အပြာရောင် အပြောက်တွေပေါ်တယ် အခု ဒီဗီဒီယိုထဲမှာ နေပူခံလိမ်း
ဆေးလိမ်းမထားဘူး။ ဒါပေမဲ့ လိမ်းထားရင် ဒီအပြာရောင်
အပြောက်တွေ ပေါ်မှာမဟုတ်ဘဲ နောက်ပိုင်း နေရောင်ခံလိမ်းဆေး ပြယ်သွားရင် နေရောင်ခြည် မှဲ့ခြောက်တွေဟာ
UV အလင်းမှာ ပြန်ပေါ်လာမယ် ဒါဟာ နေရောင်ခံလိမ်းဆေး
ပြန်လိမ်းချိန်လို့ ကျွန်တော်သိလိမ့်မယ်။ ဒီတော့ တက်တူးတွေက သင့်အရေပြားရဲ့
UV ထိတွေ့မှုရဲ့ အချိန်ကိုက်၊ ပကတိမျက်လုံး အညွှန်းအဖြစ် လုပ်ဆောင်တယ်။ တကယ်တမ်းက ဒီလိုမျိုး အရောင်ပြောင်း တက်တူးနဲ့
သင်လုပ်နိုင်တဲ့ တကယ်မိုက်တဲ့ အနုပညာဆန်တာတွေ အများကြီးရှိပေမဲ့ ဒါက အရေပြား ကာကွယ်ရေးမှာ ကြီးမားတဲ့
ပြဿနာတစ်ခုကို ကူညီဖြေရှင်းပေးမယ်လို့လည်း မျှော်လင့်ပါတယ်။ (လက်ခုပ်သံများ) နောက်ထပ် နမူနာတစ်ခု ပေးပါရစေ။ သာမန် လူ့ခန္ဓာကိုယ် အပူချိန်က
၉၇ က ၉၉ ဖာရင်ဟိုက်လောက်ပါ၊ ဒီအပိုင်းအခြားအပြင်ဘက်မှာ ရှိနေရင် ဆေးဝါးဆောင်ရွက်မှု ချက်ချင်း
လုပ်ဖို့လိုပါတယ်။ အခု ပြဿနာက ကိုယ့်ခန္ဓာကိုယ်
အပူချိန်ကို သာမိုမီတာမပါဘဲ သတိမပြုနိုင်တာပါ။ သေချာတယ်၊ ရှေးဟောင်း လက်တွေ့
နဖူးကို စမ်းနိုင်ပေမဲ့ ဒါကိုထောက်ခံတဲ့ သိပ္ပံနည်းကျ
အထောက်အထားက နတ္ထိပါ။ (ရယ်သံများ) ဒီတော့ တက်တူးထိုးနိုင်တဲ့
သာမိုမီတာ ဖန်တီးနိုင်ရင် အချိန်တိုင်း သုံးနိုင်မလားပေါ့။ ကဲ၊ နေရောင်ခြည် မှဲ့ခြောက်တွေ ဆေးတောင့်
အသေးလေးထဲက UV ဓာတ်ပြုတဲ့ ဆိုးဆေးကို
အသုံးပြုပုံကို သတိရလား။ ကဲ၊ အပူကို ဓာတ်ပြုတဲ့ ဆိုးဆေးတွေလည်း
ထည့်နိုင်ပြီး မတူတဲ့အပူချိန်တွေမှာ အရောင်ပြောင်းတဲ့
မတူတဲ့ တက်တူး မင်ကို ဆေးတောင့်လေးထွေထဲမှာ
ဖန်တီးနိုင်ပါတယ်။ အပူချိန်က ၉၆၊ ၉၈၊ ၁၀၀ ဒီဂရီ
ဖာရင်ဟိုက် ဆိုပါစို့။ ဒီမင်တွေကို တွဲပြီးထားလိုက်ရင် လူ့ခန္ဓာကိုယ်ဆီ ပြောင်းပေးတဲ့ အပူချိန်​ စကေးတစ်မျိုးကို ရပါတယ်။ ဒီဗီဒီယိုမှာ ကျွန်တော်တို့ စမ်းသပ်ခဲ့တဲ့
ဝက်သားရေးကို အပူပေးသလို အမျိုးမျိုးသော တက်တူး အကွက်တွေ စီစဉ်တကျ ပျောက်ကွယ်နေတာ မြင်နိုင်ပါတယ်။ ဒီတော့ ဒီလို တက်တူးကို ပြင်ပ အပူချိန် အတက်အကျတွေကို
တည်ငြိမ်စေတဲ့ နေရာတစ်ခုမှာ ထားလိုက်ရင် ပါးစပ် အတွင်းမှာဖြစ်ဖြစ်
နှုတ်ခမ်းအနောက်မှာဖြစ်ဖြစ်ပေါ့၊ မှန်ထဲက သင့်ဆေးမင်ကြောင်ကို
တစ်ချက်ကြည့်ရုံနဲ့ ကိုယ် အပူချိန်ကို အချိန်တိုင်းဖတ်လို့ရတယ်။ အံ့သြစရာမို့လား။ (လက်ခုပ်သံများ) ကျေးဇူးပါ။ (လက်ခုပ်သံများ) လူသားတွေအနေနဲ့ရှိတဲ့ နောက်ထပ် ကန့်သတ်ချက်က ကျွန်တော်တို့ အရေပြားဟာ
လျှပ်စစ်ဓာတ် မကူးတာပါ၊ ကောင်းတာတစ်ခုဖြစ်နိုင်ပေမဲ့
သေချာပေါက်တော့ မဟုတ်ဘူး။ (ရယ်သံများ) သင့်မှာ အိလက်ထရွန်းနစ်
ဇီဝေဆေးဝါး အစားထိုးပစ္စည်းတစ်ခုရှိရင် ဥပမာ နှုလုံးခုန်စက်တစ်ခုပေါ့၊ လောလောဆယ် သင့်မှာ နှလုံးခုန်စက်တစ်ခုရှိရင် ဘက်ထရီကုန်သွားတဲ့အခါ အစားထိုးဖို့ ၅ နှစ်
(သို့) ၁၀ နှစ်တစ်ခါ ခွဲစိတ်ဖို့လိုတယ်။ ဒီအစား လျှပ်ကူးတဲ့ အရေပြား အကွက်တစ်ခုကနေ ဘက်ထရီကို အားပြန်သွင်းနိုင်မယ်ဆို
မကောင်းဘူးလား။ အင်း၊ တက်တူးတစ်ခုနဲ့ ဒီပြဿနာကို
ဖြေရှင်းဖို့ ကြိုးစားမယ်ဆိုရင် ပထမ ခြေလှမ်းက လျှပ်စစ်ဓာတ်ကို လျှပ်ကူးတဲ့
တက်တူးတစ်ခု ဖန်တီးဖို့ဖြစ်မယ်။ ကျွန်တော့လက်တွေ့ခန်းမှာ လျှပ်ကူးနိုင်တဲ့
တက်တူးမင်နဲ့ လုပ်နေတယ်။ လောလောဆယ် လျှပ်ကူးနိုင်တဲ့ ဆေးမင်ကြောင်
မင်နဲ့အရေပြားရဲ့လျှပ်ကူးသတ္တိကို အဆ ၃၀၀ ကျော် တိုးပွားနိုင်ပါတယ်။ အခု ကြေးနန်းကြိုးလို တစ်ခုခုရဲ့
လျှပ်ကူးသတ္တိကို မရောက်ခင် ရှေ့ဆက်ဖို့ အဝေးကြီးလိုပါသေးပေမဲ့ တိုးတက်မှုတွေရှိနေပြီး
ဒါနဲ့ပတ်သက်ပြီး တကယ်စိတ်လှုပ်ရှားမိတာက ဒါဟာ တက်တူးတွေအတွက်
ဖြစ်နိုင်ခြေရဲ့ လောကသစ်တစ်ခုကို ဖွင့်ပေးနိုင်တယ်လို့ ထင်လို့ပါ။ တက်တူးတွေက ကျွန်တော်တို့ကို
ထောက်ကူပေးတဲ့ အနာဂတ်ကို မှန်းကြည့်ရာမှာ ကျွန်တော်တို့ခန္ဓာကိုယ်တွေနဲ့
နည်းပညာတွေ ပေါ်ထွက်ဖို့ ထောက်ကူပေးတဲ့ တက်တူး ထိုးနိုင်တဲ့
ဝိုင်ယာတွေ၊ အီလက်ထရွန်းနစ်တွေပါ၊ ပြင်ပ ကိရိယာတွေထက်
ကျွန်တော်တို့ကိုယ်တိုင်ရဲ့ ကိုယ်ခွဲတွေလို ခံစားနိုင်အောင်ပါ။ ဒီတော့ ကျွန်တော်တို့ရဲ့ တက်တူးတွေ
ကို ခေတ်မီဖို့ နာနိုနည်းပညာနဲ့ ကျွန်တော်တို့ ရရှိနိုင်တဲ့ တတ်ကျွမ်းမှု
အသစ်တွေရဲ့ နမူနာ အနည်းငယ်ရှိပေမဲ့ ဒါက တကယ် အစပဲ ရှိပါသေးတယ်။ နည်းပညာမြင့် ဆေးမင်ကြောင်နဲ့ လုပ်နိုင်တာ
အတွက် အကန့်အသတ်မရှိဘူးလို့ ယုံကြည်တယ်။ အနာဂတ်မှာ တက်တူးတွေဟာ
လှပဖို့သာမဟုတ်ပဲ လက်တွေ့လည်း အသုံးဝင်မှာပါ။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)

30 thoughts on “Could a tattoo help you stay healthy? | Carson Bruns”

  1. It's a good idea that the UV activated ink shows that it's time to apply sunscreen but how stable those ink are gonna be.? Because the soot or the dye used are in itself is a source of chronic irritation to skin cells.. Will Adding the heat sensitivity and UV sensitivity to them a safe idea?

  2. This is very cool. I knew someone with CIPA. Because she couldn't feel temperature or regulate her own body temperature, she had some close calls with hyperthermia (usually hot days + physical exertion). This sounds like it would have been perfect for her.

Leave a Reply

Your email address will not be published. Required fields are marked *